Tomsk ပြည်နယ်တက္ကသိုလ်(TSU)ပညာရှင် ကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံ ဌာနဆိုင်ရာ လူကြီးမင်းများနှင့် တွေ့ဆုံပြီး ဆန်းသစ်တီထွင်သောပညာရေးနှီးနှောဖလှယ်မှု မှတ်တမ်းများ =============================== Tomsk State University (TSU) delegation, visited Myanmar in March 2026 1. Sitagu International Buddhist Academy 2. 31st Myanmar Military Medical Conference 3. Defense Service Medical Academy 4. University of Cooperative and Mangament Thanlynn 5. West Yangon Technology University 6. Myanmar Creative international College 7. Moe Kaung Treasure Maternal and Child Hospital အစစအရာရာ လိုလိုသေး မရှိအောင် ကူညီပံပိုးစောင့်ရှောက်ပေးပါသော ဂုဏ်သရေရှိလူကြီးမင်းများ တစ်ယောက်ချင်းစီးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါတယ်ခင်ဗျာ။ Zayar Aung Zayar Aung
Myanmar Creative University (MCU) Delegation visits Rajamangala University of Technology Lanna for Collaboration On 10 March 2026, the President of Myanmar Creative University (MCU) together with the MCU team visited Rajamangala University of Technology Lanna to discuss and explore further academic collaboration and partnership opportunities between the two institutions. During the visit, both sides engaged in productive and open discussions on strengthening cooperation in education, research, and capacity development, particularly in areas that can benefit students and academic communities from both countries. The MCU delegation sincerely expresses its heartfelt gratitude to the Dean of Management and the team for their warm welcome, friendly hospitality and open dialogue.. This visit marks an important step toward strengthening mutual understanding and building a sustainable academic partnership between the two universities.
Myanmar Creative University (MCU) Delegation Visits Chiang Mai Rajabhat University for Collaboration On 11 March 2026, the President of Myanmar Creative University (MCU) together with the MCU team visited Chiang Mai Rajabhat University (CMRU) to discuss and explore further academic collaboration and partnership opportunities between the two institutions. During the visit, both sides engaged in productive and open discussions on strengthening cooperation in education, research, and capacity development, particularly in areas that can benefit students and academic communities from both countries. The MCU delegation sincerely expresses its heartfelt gratitude to the President of Chiang Mai Rajabhat University and the university team for their warm welcome, friendly hospitality, open dialogue, and the wonderful lunch reception. This visit marks an important step toward strengthening mutual understanding and building a sustainable academic partnership between the two universities.
𝟐+𝟐 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐠𝐫𝐞𝐞 𝐏𝐚𝐭𝐡𝐰𝐚𝐲 Shinawatra International University, SIU ၏ Faculty နှစ်ခုနှင့် Myanmar Creative University, MCU တို့အကြား ပညာရေးဆိုင်ရာသဘောတူညီမှုစာချုပ် (MOA) ကို SIU ၏ Vice President နှင့် MCU မှ Director တို့က တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ SIU ၏ Faculty of Management Dean နှင့် Faculty of Engineering and Technology Dean တို့သည် Online ဖြင့် ပူးပေါင်းပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ MOA အရ MCU တွင် Diploma ရရှိထားသော ကျောင်းသားကျောင်းသူများသည် 2+2 Program ဖြင့် SIU တွင် Hybrid System ဖြင့် ၂ နှစ်ဆက်လက်ပညာသင်ယူနိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် SIU မှပေးအပ်မည့် 𝐁𝐁𝐀 (𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧) နှင့် 𝐁𝐄 (𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠) ဘွဲ့များကို ရရှိမည်ဖြစ်ပါသည်။ လက်ရှိတွင် BBA – 3rd Year (Second Semester) စတင်သင်ကြားလျက်ရှိပြီး၊ BE – 3rd Year (First Semester) ကိုလည်း မကြာမီ စတင်တော့မှာဖြစ်ပါသည့်အတွက်တက်ရောက်လိုသူများအနေဖြင့် တစ်ပတ်အတွင်း အချိန်မှီ စာရင်းပေးသွင်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာ ကျောင်းသားကျောင်းသူများအတွက် အပြည်ပြည်ဆိုင်ရာ ပညာရေးလမ်းကြောင်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် လူတိုင်းပညာသင်ကြားခွင့်ရရှိနိုင်ရန် ရည်ရွယ်လျှက်… 21-Feb-2025
🔔၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ Myanmar Creative University MCU နှင့် ဩစတေးလျပညာရေးအဖွဲ့ (Nature Education Group) တို့ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု MOU ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီပူးပေါင်းမှုကြောင့် MCU ကျောင်းသားတွေအတွက် ✨ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ✨ Pathways & joint programs အခွင့်အလမ်းများ ✨ Global standard နဲ့ ကိုက်ညီတဲ့ သင်ကြားမှုစနစ် ✨ နိုင်ငံတကာအတွေ့အကြုံ ရရှိနိုင်မယ့် လမ်းကြောင်းအသစ်များစွာ ကို ရရှိလာတော့မှာ ဖြစ်ပါတယ်။ MCU ကနေစပြီး သင့်အနာဂတ်ကို နိုင်ငံတကာအဆင့်ထိ ချိတ်ဆက်လိုက်ပါ။
📢 Official Announcement | Educational Partnership ပညာရေးပူးပေါင်းဆောင်ရွက်မှုတရားဝင်ကြေငြာချက် Myanmar Creative University, MCU သည် Belarus နိုင်ငံ၊ Minsk မြို့ရှိ Belarusian State University of Informatics and Radioelectronics (BSUIR) နှင့် ပညာရေးပူးပေါင်းဆောင်ရွက်ခြင်း MoU ကို (၂၂-၁၂-၂၀၂၅) နေ့တွင် တရားဝင် လက်မှတ်ရေးထိုးပြီးစီးခဲ့ပါသည်။ နည်းပညာဆိုင်ရာ ဘာသာရပ်များဖြစ်ကြသည့် ICT, Information Technology, Electronics, Telecommunications, Engineering စသည့် ပညာရပ်များနှင့် သုတေသန ပူးပေါင်းမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ 🎓 လာမည့် (၂၀၂၆-၂၀၂၇)ပညာသင်နှစ်မှစတင်၍ MCU နှင့် BSUIR ပူးပေါင်းကာ မြန်မာကျောင်းသားများအတွက် Bachelor in IT, Diploma in IT ကွန်ပြူတာနည်းပညာဘွဲ့၊ ဒီပလိုမာ စသည့်ပညာရေးအစီအစဉ်များကို ပူးပေါင်းဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ 🌍 နိုင်ငံတကာအသိအမှတ်ပြု ပညာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံများကို MCU မှတဆင့် ရယူနိုင်ပါသည်။ 📌 Programme details နှင့် admission information များကို မကြာမီ ကြေညာပေးသွားပါမည်။
🎓 Honoring to our Founder and President Prof. Dr. Saw Htay Myint The Management Team of MCU- MCIC is proudly congratulates to Prof. Dr. Saw Htay Myint on receiving the Excellence in Research Collaboration Award at the International Higher Education Excellence Award Ceremony 2025, Shinawatra University, Thailand. This distinguished recognition reflects your outstanding leadership, meaningful research contributions, and commitment to advancing international higher education. We are deeply honored and extend our highest respect for your remarkable achievement. 🎓 MCU- MCIC ၏ တည်ထောင်သူပါမောက္ခ ဒေါက်တာ စောဌေးမြင့်အားလေးစားစွာဂုဏ်ပြုအပ်ပါသည်။ Shinawatra University, Thailand တွင် ကျင်းပသည့် International Higher Education Excellence Award Ceremony 2025 တွင် Excellence in Research Collaboration Award ကို ရရှိသွားသော Prof. Dr. Saw Htay Myint ကို Management Team အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်စွာဂုဏ်ပြအပ်ပါသည်။ ဤဆုသည် ထင်ရှားသောခေါင်းဆောင်မှုနှင့် သုတေသနပညာရေးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းကိုနိုင်ငံတကာအဆင့်အသိအမှတ်ပြုခြင်းဖြစ်သည့်အတွက်လည်း MCU- MCIC အနေဖြင့် ဂုဏ်ယူဝံ့ကြွားစွာဖြင့်ဂုဏ်ပြုအပ်ပါသည်။
ယနေ့ (29.11.2025) ရက်နေ့တွင် ဩစတေးလျနိုင်ငံ Nature Education Group နှင့် ZOI Vocational College တို့မှ ဦးဆောင်စီစဉ်၍ MCU – Myanmar Creative University ၊ MCIC – Myanmar Creative International College တို့မှ တာဝန်ရှိသူများနှင့် ကိုရီးယားနိုင်ငံ၏ သက်တမ်း ၁၂၀ ကျော်သည့် အစဥ်အလာနှင့်သမိုင်းကောင်းများအခိုင်အမာရရှိထားသည့် Sahmyook University, SYU မှ တာဝန်ရှိသူများကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကိုVirtual စနစ်ဖြင့်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း ၂၀၂၆ ခုနှစ်တွင် AI ဘာသာရပ်ဖြင့် 2+2 ဘွဲ့ Program ကို စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် အသေးစိတ် ဆွေးနွေးခဲ့ပြီး MCU–MCIC ကျောင်းသားများအတွက်လည်း နိုင်ငံတကာအဆင့်မြင့် AI Knowledge နှင့် Pathways အသစ်များ ဖန်တီးပေးမည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ Stay tuned for more updates! "တောက်ပသောအနာဂတ်ကိုပညာဖြင့်ဖန်တီးအံ့” "𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐆𝐥𝐨𝐫𝐢𝐨𝐮𝐬 𝐅𝐮𝐭𝐮𝐫𝐞 𝐛𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧” Myanmar Creative University
🎉 Congratulations! 🎉 We are pleased to announce the successful application of our students to the 2+2 Online Program for the Bachelor of Marketing Management at Shinawatra University, SIU. This achievement marks another proud milestone for our institution as our students continue to pursue international academic pathways with excellence and dedication. ✨ We wish all of you great success in your studies and future careers!
Myanmar Creative University (MCU) ၏ ထည်ထောင်သူနှင့် အဖွဲ့သားများက Shinawatra International University, SIU သို့ သွားရောက်လည်ပတ်တွေ့ဆုံခဲ့သည့် မှတ်တမ်းဓါတ်ပုံများကို ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။ ဒီအခွင့်အလမ်းမှတစ်ဆင့် မြန်မာနိုင်ငံကျောင်းသူ၊ ကျောင်းသားလူငယ်များအတွက် အသစ်အသစ်သော အကျိုးကျေးဇူးများ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါသည်။ MCU ၏ လုပ်ဆောင်မှုများနှင့် ကျောင်းသူ၊ကျောင်းသားများအတွက် အခွင့်အလမ်းကောင်းများကို သိရှိနိုင်စေဖို့ MCU ကိုစဉ်ဆက်မပြတ်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ 16-Sep-2025
MCU မှ ထိုင်းနိုင်ငံ Thaksin University တွင်ကျင်းပသည့် Culture Exchange Program for 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐦𝐩 မှတစ်ဆင့်ရရှိနိုင်သောအကျိုးကျေးဇူးများ- ၁။ ဗဟုသုတနှင့် ကျွမ်းကျင်မှု မြှင့်တင်ခြင်း – Analytical နှင့် Design Thinking ကို အသုံးပြု၍ လူမှုရေးအခက်အခဲများကို ခွဲခြားသိရှိကာ ထိရောက်စွာ ဖြေရှင်းနိုင်စွမ်း တိုးတက်စေခြင်း။ ၂။ ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု – နိုင်ငံတကာ အတွေ့အကြုံများ ဖလှယ်ပြီး နိုင်ငံတကာမိတ်ဆွေများနှင့် အပြန်အလှန်အထောက်အကူပြုသော ကွန်ယက်များတည်ဆောက်နိုင်ခြင်း။ ၃။ SDG-အညီ လူမှုဆန်းသစ်မှုများ အထောက်အပံ့ပေးခြင်း – ပရိုဂရမ်တွင်ပါဝင်ကြသည့် နိုင်ငံတကာတက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများအားလုံးသည် SDGs နှင့် ကိုက်ညီသည့် အက်ရှင်ပလန်များ ဖန်တီးရန်နှင့် ရန်ပုံငွေ ရရှိနိုင်ရန် အခွင့်အလမ်း များရရှိနိုင်ခြင်း။ MCU သည် ဆက်လက်၍ နိုင်ငံခြား တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ကျောင်းသားများအတွက် အတွေ့အကြုံအသစ်များ ဖန်တီးပေးသွားမည်ဖြစ်ပါသည်။
🌍✈️ MCU Students Depart for Cultural Exchange Program in Thailand ✈️🌍 We are delighted to share that our students have departed to participate in the Cultural Exchange Program at Thaksin University, Songkhla Campus, Thailand. This meaningful program will provide them with valuable opportunities to experience international academic life, exchange cultural knowledge, and build friendships with international students. At Myanmar Creative University, we are committed to creating global learning experiences for our students, preparing them to become future leaders with both academic excellence and international mindset. We wish them a safe journey and a fruitful exchange program ahead. 💫 04-Sep-2025
🎉 Congratulations to Our MCU Alumni! 🎉 We are proud to share that our MCU Alumni recently participated in the 2025 National and International Conference of the National Institute of Development Administration (NIDA), Thailand. Their dedication, academic excellence, and active involvement in international platforms truly reflect the values and vision of MCU.🌍📚 👏 Congratulations once again to our talented Alumni for representing MCU with pride and distinction! We wish you continued success in your academic and professional journey.
၂၀၂၅ ခုနှစ် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆု (𝐀𝐬𝐢𝐚𝐧 𝐎𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐒𝐨𝐜𝐢𝐚𝐥 𝐖𝐞𝐥𝐟𝐚𝐫𝐞 𝐚𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐰𝐚𝐫𝐝 𝟐𝟎𝟐𝟓) ကို Myanmar Creative University (MCU) မှ လက်ခံရယူရန် Video Conference နှင့် In site စနစ်ဖြင့် တက်ရောက်နေသည့် မှတ်တမ်းဓါတ်ပုံများကို ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။ 26-Aug-2025
“𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐌𝐂𝐔 နဲ့ 𝐌𝐎𝐔 ရေးထိုးထားတဲ့ 𝐊𝐢𝐧𝐠 𝐌𝐨𝐧𝐠𝐤𝐮𝐭’𝐬 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐋𝐚𝐝𝐤𝐫𝐚𝐛𝐚𝐧𝐠 (𝐊𝐌𝐈𝐓𝐋) အကြောင်းအတူလေ့လာကြည့်ကြရအောင်” ထိုင်းနိုင်ငံရှိ နာမည်ကြီး နည်းပညာတက္ကသိုလ်တစ်ခုဖြစ်သည့် King Mongkut’s Institute of Technology Ladkrabang (KMITL) ဟာ နည်းပညာ၊ စီးပွားရေး၊ သုတေသနနယ်ပယ်တွေမှာ ထူးချွန်တဲ့ကျောင်းတစ်ခု ဖြစ်ပါတယ်။ 🔍 ကျောင်းအကြောင်းအကျဉ်း • ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာတည်ရှိပြီး • နည်းပညာအထူးပြုသင်တန်းများ၊ အင်ဂျင်နီယာသင်တန်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းများ • အပြည်ပြည်ဆိုင်ရာအဆင့်မြင့်သင်တန်းများရှိပြီး အင်္ဂလိပ်ဘာသာဖြင့်လည်းသင်ကြားပေးပါတယ်။ 📌 ဘာကြောင့် KMITL ကိုရွေးချယ်သင့်သလဲ? • ထိုင်းနိုင်ငံတွင် နည်းပညာပိုင်းအကောင်းဆုံးတက္ကသိုလ်တစ်ခုအဖြစ်အသိအမှတ်ပြုခံထားရပါတယ်။ • ထိုင်းနိုင်ငံ၏ထိပ်တန်းတက္ကသိုလ်များဖြစ်ကြသည့် Mahidol, Chulalongkorn နှင့်အတူ နည်းပညာသက်တမ်းရင့် ကျောင်းတစ်ခုဖြစ်ပါတယ် ။ • Research, Innovation ပိုင်းတွေမှာလည်း ကျောင်းသားများအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးထားပါသေးတယ်။ 🌐 အပြည်ပြည်ဆိုင်ရာကျောင်းသားများအတွက် အခွင့်အလမ်းများ • International Programs များစွာရှိပြီး မြန်မာကျောင်းသားများအတွက်လည်း အခွင့်အလမ်းများရှိပါတယ် • Double Degree / Exchange Program များဖြင့် နိုင်ငံတကာအတွေ့အကြုံများ ရရှိနိုင်ပါတယ် 📚 သင်ကြားသောဘာသာရပ်များ • Engineering (Mechanical, Civil, Computer, AI, etc.) • Architecture & Design • Business Administration & Management • Science & Technology
Myanmar Creative University, MCU နှင့် King Mongkut’s Institute of Technology Ladkrabang, KMITL - School of Engineering တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ Bachelor of Engineering ဘွဲ့ (2+2) Programs ကို MCU တွင် (၂) နှစ် ထိုင်းနိုင်ငံ KMITL တွင် (၂) နှစ်တက်ရောက်ကာ BE ဘွဲ့ရယူနိုင်ကြပါသည်။ 2025 - 2026 ပညာသင်နှစ်တွင် MCU မှ Engineering Diploma ရရှိပြီးသော ကျောင်းသူ ကျောင်းသားဖြစ်သည့် မောင်သွင်ထူးနှင့် မကြည်ဖြူမေတို့သည် ထိုင်းနိုင်ငံ KMITL, School of Engineering တွင် Bachelor of Energy Engineering ဘွဲ့ကို Scholarship များရရှိကာ တတိယနှစ်နှင့် နောက်ဆုံးနှစ် (၂) နှစ်သို့ တက်ရောက်ရန် KMITL သို့ရောက်ရှိကြသည့်အတွက် များစွာဝမ်းမြောက်ရပါသည်။ 09-Jul-2025
Shinawatra International University, SIU အကြောင်းအနည်းငယ်မိတ်ဆက်ပေးထားပါတယ်။ Shinawatra International University ကိ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ တက္ကသိုလ်၏ Main Campus သည် ပထမဦးဆုံး ပထုံဌာနီမြို့နယ်တွင် တစ်ထောင်ငါးရာဧကခန့်ရှိ မြေဧရိယာအပေါ်တွင် တည်ဆောက်ထားပါတယ်။ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန် ရည်ရွယ်၍ Shinawatra International University သည် ထူးချွန်သောခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲရေးကျွမ်းကျင်မှုနှင့် စီးပွားရေးအမြင် အပြည့်အဝရှိသော ဘွဲ့ရမောင်မယ်များ အဖြစ်မွေးထုတ်ပေးရန််အတွက် ကြိုးပမ်းအားထုတ်နေပါသည်။ ထို့အပြင် ကျင့်ဝတ်များနှင့် တာဝန်ယူမှု၊တာဝန်ခံမှု စိတ်ဓာတ်တို့ကိုလည်း ဂရုတစိုက်ဖွံ့ဖြိုးအောင် သင်ကြားပေးနေတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်သည် ကမ္ဘာ့အဆင့်သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ဖော်ပြပါ မစ်ရှင်လေးခုကို အခြေခံကာ ဆောင်ရွက်လျက်ရှိပါသည်။ ၁။ ပညာရေးထူးချွန်မှု – လူမှုအသိုင်းအဝိုင်း၏ လက်ရှိနှင့်အနာဂတ်လိုအပ်ချက်များအလိုက် ဖြည့်ဆည်းနိုင်စေရန် အဆင့်မြင့်ပညာရေး၊ ဘွဲ့လွန်ပညာရေး၊ အထူးအတန်းများ၊ စသည့် သင်ရိုးညွှန်းတန်းအမျိုးမျိုးဖြင့် ပို့ချလျှက်ရှိခြင်း။ ၂။ သုတေသနနှင့် တီထွင်ဖန်တီးမှု – အခြေခံသုတေသန၊ အသုံးသုတေသနနှင့် ဖန်တီးမှုလုပ်ငန်းများကို မြှင့်တင်ကာ သုတေသနနယ်ပယ်တွင် မေးခွန်းထုတ်သောစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်မှု များကိုဖွံ့ဖြိုးရန် ဦးတည်ခြင်း။ ၃။ လူမှုဝန်ဆောင်မှု – အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ပညာရေးဝန်ဆောင်မှုများ၊ သုတေသနအရင်းအမြစ်များကို ပံ့ပိုးပေးခြင်း။ ၄။ ယဉ်ကျေးမှုထိန်းသိမ်းမှု – အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းကာ ရေရှည်တန်ဖိုးရှိစေခြင်းနှင့် ပိုမိုချစ်ခင်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း။
Professor Dr. Nattaphan Kecharananta, Chairman of the MCU Research Committee, delivered a lecture on “Government Officials in Transition: Rethinking to Rise Above Change” and led a mentoring workshop on “Official Document Formatting and Correspondence Regulations” for executives, civil servants, and staff of Lad Sawai Municipality in Pathum Thani Province, from June 13 to 15, 2025. MCU - Myanmar Creative University ၏သုတေသနကော်မတီ ဥက္ကဋ္ဌ Professor Nattaphan Kecharananta သည် အစိုးရဝန်ထမ်းများအတွက် စာပေအတွေးအခေါ်ပြောင်းလဲ မြှင့်တင်ခြင်း" ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Pathum Thani ၌ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်သင်ကြားခဲ့ပြီးLad Sawai City စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်များ၊ အရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် "တရားဝင် စာရွက်စာတမ်းပုံစံနှင့် စာပေးစာယူ စည်းမျဉ်းများ"ကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 15-Jun-2025
English text below👇 Myanmar Creative University, MCU နှင့် Chiang Mai Rajabhat University, CMRU တို့အကြား MOU In Person လက်မှတ်ရေးထိုးခြင်းမှတ်တမ်း ဇွန်လ (၇) ရက် ၂၀၂၅ ခုနှစ်တွင် Myanmar Creative University နှင့် ထိုင်းနိုင်ငံရှိ Chiang Mai Rajabhat University တို့ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အွန်လိုင်းဖြင့် ( 15-4-2025) နေ့တွင်လက်မှတ်ရေးထိုးထားကြပြီးဖြစ်သော်လည်း အလုပ်များကြသည့် တက္ကသိုလ်ဥက္ကဋ္ဌနှစ်ဦးနှင့် MCU ၏ဂုဏ်ထူးဆောင်အဓိပတိတို့ သုံဦးတွေ့ဆုံခိုက် တွင် အမှတ်တရလူကိုယ်တိုင်လက်မှတ်ရေးထိုးနိုင်ကြသည့်အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ တက္ကသိုလ်နှစ်ခုအကြား ယုံကြည်မှုမြှင့်တင်မှုနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများဆီသို့ ချဉ်းကပ်သည့် အထိမ်းအမှတ် ဖြစ်လာမည် ဟုယုံကြည်ပါသည်။ Memorandum of Understanding (MOU) Signing Ceremony In-Person Between Myanmar Creative University (MCU) and Chiang Mai Rajabhat University (CMRU) On June 7, 2025, Myanmar Creative University (MCU) and Chiang Mai Rajabhat University (CMRU) of Thailand signed a Memorandum of Understanding (MOU) to strengthen educational cooperation between the two institutions. Although the MOU had already been signed online on April 15, 2025, the in-person signing took place during a special meeting between the two university presidents and MCU's Honorary Chancellor. Despite their busy schedules, the three leaders were able to personally sign the document, making this a truly memorable and proud moment. This MOU marks a significant step toward enhancing trust and fostering stronger collaboration between the two universities, and we believe it will serve as a symbolic milestone in their partnership.
Myanmar Creative University, MCU ၏ ဥက္ကဌနှင့်အဖွဲ့သည် (၂၇-၅-၂၀၂၅) နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Suan Sunandha Rajabhat University သို့ သွားရောက်ကာ 2+2 Programs ဖြင့် MCU မှ ဒီပလိုမာရရှိပြီးသူ ကျောင်းသူ/သားများအား Suan Sunandha Rajabhat Universityမှ Bachelor of Engineering (Specialization in Engineering Management) ဘွဲ့အတွက် လိုအပ်သည့်ပြင်ဆင်မှုများကိုပြုလုပ်နိုင်ကြရန်အတွက် ရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။
English Version Below: 𝐈𝐂𝐀𝐒𝐃 𝟐𝟎𝟐𝟓 တွင် 𝐂𝐨-𝐡𝐨𝐬𝐭 အဖြစ် ဝင်ရောက်ပူးပေါင်းမှုအတွက် 𝐌𝐂𝐔- 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အား ဂုဏ်ပြုလက်မှတ်ချီးမြှင့်။ Myanmar Creative University (MCU) သည် တရားဝင် Co-host အဖြစ် အသိအမှတ်ပြု ပါဝင်ဆောင်ရွက် ခဲ့သည့် 2nd International Conference on ASEAN Sustainable Development (ICASD 2025) တွင် ပူးပေါင်းပါဝင်ခြင်း၊ စာတမ်းများ ဖတ်ကြားခြင်းတို့ အတွက် ဂုဏ်ပြုလက်မှတ်ကို လက်ခံရရှိခဲ့ပါသည်။ ဤ Conference ကို “Accelerating Action: Collaborative Solutions for a Sustainable Future” ဟူသောအဓိကခေါင်းစဉ် ဖြင့်၊ ၂၀၂၅ ခုနှစ် ဧပြီ ၂၄ မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ Phuket တွင်ရှိသော Courtyard by Marriott ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ဂုဏ်ပြုလက်မှတ်ကို Thaksin တက္ကသိုလ်၏ President ဖြစ်သူ 𝐀𝐬𝐬𝐨𝐜. 𝐏𝐫𝐨𝐟. 𝐃𝐫. 𝐍𝐚𝐭𝐭𝐡𝐚𝐩𝐨𝐧𝐠 𝐂𝐡𝐢𝐭𝐧𝐢𝐫𝐚𝐭𝐧𝐚 မှ လက်မှတ်ရေးထိုးချီးမြှင့်ခဲ့ပြီး ASEAN ဒေသ Sustainable Development လုပ်ငန်းများအတွက် MCU ၏ပါဝင်ဆောင်ရွက်မှုကို မှတ်တမ်းတင် ဂုဏ်ပြုခြင်းဖြစ်ပါသည်။ ထို့အပြင် Thaksin University, International College မှ Dean ဖြစ်သူ 𝐃𝐫. 𝐏𝐢𝐭𝐭𝐚𝐲𝐚𝐭𝐡𝐨𝐫𝐧 𝐊𝐚𝐞𝐰𝐤𝐨𝐧𝐠 မှ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်အတွက် ဝမ်းနည်းမိကြောင်း နှင့် မြန်မာပြည်သူများနှင့်ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်းကို ညီလာခံ၌ ပြောကြားခဲ့ပါသည်။ ညီလာခံတွင် Myanmar Creative University ၏ ပါဝင်မှုအတွက် ဝမ်းမြောက်ကြောင်းနှင့် Founder, Prof; Dr. Saw Htay Myint မှ ငလျင်ဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများပါဝင်ဆောင်ရွက်နေသောကြောင့် မတက်ရောက်နိုင်ပါသဖြင့် 𝐏𝐫𝐨𝐟. 𝐃𝐫. 𝐍𝐚𝐭𝐭𝐚𝐩𝐡𝐚𝐧 𝐊𝐞𝐜𝐡𝐚𝐫𝐚𝐧𝐚𝐧𝐭𝐚 နှင့် 𝐃𝐫. 𝐑𝐢𝐧𝐲𝐚𝐩𝐡𝐚𝐭 𝐊𝐞𝐜𝐡𝐚𝐫𝐚𝐧𝐚𝐧𝐭𝐚 တို့အား တရားဝင်ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ပါသည်။ International Educational Seminar တွင် စာတမ်းစစ်ဆေးရေးအဖွဲ့ဝင် အဖြစ် ပါဝင်ပေးမှုအတွက် MCU ၏ ကိုယ်စားလှယ် ပါမောက္ခနှစ်ဦးကို ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါသည်။ အဆိုပါ International Conference သည် အာဆီယံနိုင်ငံများရှိ ပညာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှု၏ ပြယှဒ် တစ်ခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐑𝐞𝐜𝐨𝐠𝐧𝐢𝐳𝐞𝐝 𝐚𝐬 𝐂𝐨-𝐡𝐨𝐬𝐭 𝐨𝐟 𝐭𝐡𝐞 𝟐𝐧𝐝 𝐈𝐂𝐀𝐒𝐃 𝟐𝟎𝟐𝟓 𝐢𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 Myanmar Creative University (MCU) has been honored with a certificate of recognition for serving as the co-host of the 2nd International Conference on ASEAN Sustainable Development (ICASD 2025). The conference, under the theme “Accelerating Action: Collaborative Solutions for a Sustainable Future”, will be held at the Courtyard by Marriott Hotel in Phuket, Thailand, from April 24–25, 2025. 𝐓𝐡𝐢𝐬 𝐩𝐫𝐞𝐬𝐭𝐢𝐠𝐢𝐨𝐮𝐬 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐰𝐚𝐬 𝐬𝐢𝐠𝐧𝐞𝐝 𝐛𝐲 𝐀𝐬𝐬𝐨𝐜. 𝐏𝐫𝐨𝐟. 𝐃𝐫. 𝐍𝐚𝐭𝐭𝐡𝐚𝐩𝐨𝐧𝐠 𝐂𝐡𝐢𝐭𝐧𝐢𝐫𝐚𝐭𝐧𝐚, 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐨𝐟 𝐓𝐡𝐚𝐤𝐬𝐢𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐚𝐜𝐤𝐧𝐨𝐰𝐥𝐞𝐝𝐠𝐢𝐧𝐠 𝐌𝐂𝐔’𝐬 𝐚𝐜𝐭𝐢𝐯𝐞 𝐫𝐨𝐥𝐞 𝐢𝐧 𝐩𝐫𝐨𝐦𝐨𝐭𝐢𝐧𝐠 𝐬𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐢𝐧 𝐭𝐡𝐞 𝐀𝐒𝐄𝐀𝐍 𝐫𝐞𝐠𝐢𝐨𝐧. Additionally, a formal letter from the Dean of International College, Thaksin University, Dr. Pittayathorn Kaewkong, expressed heartfelt sympathy towards Myanmar due to a recent unexpected disaster. The letter emphasized the appreciation for MCU’s commitment and confirmed the appointment of Prof. Dr. Nattaphan Kecharananta and Dr. Rinyaphat Kecharananta as the official MCU delegates, in place of MCU President Prof. Dr. Saw Htay Myint and the university management team, who are currently engaged in disaster recovery efforts in Myanmar. Thaksin University extended its gratitude to both professors for their important roles as reviewers in the upcoming international academic event, highlighting the unity and collaboration between ASEAN educational institutions.
Lampang Rajabhat University မှ ရှိုင်းကိုထွေး နှင့် မင်းခန့်စည်သူအောင် တို့သည် Uttaradit Rajabhat University (Lampang Campus) တွင်ကျင်းပခဲ့သည့် "Turian Games 2025" တွင် ရွှေတံဆိပ် 🥇 ဆုရရှိခဲ့သည်။ ရှိုင်းကိုထွေး သည် ထိုင်းသံစဉ်သီချင်းဆိုပြိုင်ပွဲ (ကာရာအိုကေ) တွင်လည်းကောင်း ၊ မင်းခန့်စည်သူအောင် သည် ထိုင်းဘာသာဖြင့် မေးခွန်းဖြေဆိုပြိုင်ပွဲ တွင်လည်းကောင်း အသီးသီးရရှိခဲ့ပါသည်။ We are so proud of Shine Ko Htwe and Min Khant Si Thu Aung for winning the Gold Medal 🥇 at the "Turian Games 2025", held at Uttaradit Rajabhat University (Lampang Campus), Thailand. Shine Ko Htwe won in the Thai Singing Competition (Karaoke) 🎤 Min Khant Si Thu Aung won in the Thai Language Q&A Competition 🏆 👏 Huge congratulations on their hard work and achievement! 🌟 Wishing them more success in the future! 05-Feb-2025
Lampang Rajabhat University မှ မမေသဇင်လှိုင် နှင့် မောင်ကျော်စည်သူဟိန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ - ၂၆ ရက်နေ့တွင် Rajabhat Uttaradit University တွင် ကျင်းပသော လက်ရေးလှပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည်။ ဤပြိုင်ပွဲသည် နိုင်ငံတကာကျောင်းသားများအတွက် ယဉ်ကျေးမှုဖလှယ်မှုနှင့် ဆက်ဆံရေးဆောင်ရွက်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ We are proud to announce that Miss May Thazin Hlaing and Kyaw Sithu Hein from Lampang Rajabhat University has won the Silver Medal 🥈 in the Handwriting Competition at the "Turian Games" held on January 25-26, 2025 at Rajabhat Uttaradit University. This event was a part of the Cultural Exchange and Relationship Building for International Students, bringing together talents from different backgrounds. 👏 Let's celebrate her achievement and wish her more success in the future! 🎊 05-Feb-2025
ဒီနေ့မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေအကြောင်း ဗဟုသုတအဖြစ် ဖတ်ရှုနိင်ဖို့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 𝐒𝐡𝐢𝐧𝐚𝐰𝐚𝐭𝐫𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐒𝐈𝐔 ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက် (𝐁𝐚𝐧𝐠𝐤𝐨𝐤) မြို့တွင် တည်ရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ကွန်ပျူတာသိပ္ပံ နှင့် နိုင်ငံတကာဆက်ဆံရေး စတဲ့ ဘာသာရပ်တွေကို အဓိကသင်ကြားပေးပြီး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာဆိုင်ရာ သင်ကြားမှုများကို ထောက်ပံ့ပေးနေသော တက္ကသိုလ်ကြီးဖြစ်ပြီးတက်ရောက်နေသော ကျောင်းသား၊ကျောင်းသူ အရေအတွက်မှာလည်း ၁၀,၀၀၀ ကျော်ရှိပါတယ်။ 𝐂𝐚𝐦𝐩𝐮𝐬 အနေဖြင့် တစ်ခုသာရှိသော်လည်း ထိုင်းနိုင်ငံရှိ အခြားမြို့များမှ ပညာရေးဌာနများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ သင်ကြားမှုပိုင်းသာမက ဘွဲ့အစီအစဉ်များမှာပါ အင်္ဂလိပ်ဘာသာကို အခြေခံထားပြီး နိုင်ငံတကာ အဆင့်မှီသော ပညာရေးစနစ်များဖြင့် သင်ကြားပေးတဲ့ တက္ကသိုလ်ကြီးဖြစ်တာကြောင့် ပြည်ပကျောင်းသားများလည်း ရွေးချယ်တက်ရောက်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 တွင် # 𝟓𝟔 အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ပညာရေးဆိုင်ရာ ထိပ်တန်း ဆုများကိုလည်း ရရှိထားပါတယ်။ 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 များမှာ ကျောင်းသားများအတွက် သင်ကြားရေးပိုင်းနှင့် ပတ်သတ်သော ပရိုဂရမ်များအတွက်သင်ကြားရေးခန်းမများ၊မီဒီယာလက်တွေ့လုပ်ငန်းများ၊ကွန်ပျူတာခန်းမများစတဲ့အဆောက်အအုံတွေပါဝင်ပါတယ်။ 𝐋𝐢𝐛𝐫𝐚𝐫𝐲 𝐚𝐧𝐝 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐂𝐞𝐧𝐭𝐞𝐫𝐬 များကိုတော့ ကျောင်းသားများ ဗဟုသုတရစေရန် စာအုပ်များ၊ သုတေသနစာတမ်းများ၊ မီဒီယာ နှင့် နည်းပညာဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးထားပြီး၊ စီးပွားရေးသုတေသနများအတွက် ခေတ်မှီသော သုတေသနစင်တာများနှင့် စိတ်ဝင်စားဖွယ်ရာ အင်တာနက်သုတေသနစင်တာများလည်း ရှိပါတယ်။ 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐢𝐮𝐦𝐬 𝐑𝐨𝐨𝐦𝐬၊ 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐑𝐨𝐨𝐦𝐬 များအပြင် 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬၊ 𝐒𝐩𝐨𝐫𝐭𝐬 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 စတဲ့ ကျန်းမာရေးနှင့်ဆိုင်သော စင်တာများလည်းရှိတာကြောင့် ကျောင်းသားများအတွက် နည်းပညာနှင့် ပညာရေး အဆင့်မြင့်သင်ကြားမှုများသာမကလူမှုဆက်ဆံရေးနှင့်ကျန်းမာရေးကိုပါပံ့ပိုးပေးနိုင်တဲ့တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ Myanmar Creative University – 𝐌𝐂𝐔 နှင့်လည်း 𝐌𝐎𝐔 ရေးထိုးထားသည့် မိတ်ဖက်တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါသည်။
ဒီနေ့မှာတော့ Myanmar Creative University (MCU) ရဲ့ မိတ်ဘက်တက္ကသိုလ် တစ်ခုဖြစ်သော 𝐓𝐡𝐚𝐤𝐬𝐢𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 – 𝐓𝐒𝐔 အကြောင်းပြောပြ ပေးသွားမှာပဲဖြစ်ပါတယ်။ 𝐓𝐡𝐚𝐤𝐬𝐢𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 – 𝐓𝐒𝐔 ဟာ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ 𝐒𝐨𝐧𝐠𝐤𝐡𝐥𝐚 ပြည်နယ်၊ စောင်ခလာမြိုမှာရှိသော အစိုးရတက္ကသိုလ်ကြီး တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူ များလည်း တက်ရောက်နေကြသော ထိုင်းနိုင်ငံတောင်ပိုင်း၏ တက္ကသိုလ်ကြီးတစ်ခုဖြစ်ကာ စီးပွားရေးနှင့် စီမံခန့်ခွဲမှု၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝသိပ္ပံ၊ လူမှုဝန်ထမ်းနှင့် လူ့အခွင့်အရေး စတဲ့ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်တဲ့ အပြင် တခြားသော အရေးကြီး ပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 #𝟑𝟒 ရှိသော အဆင့်မြင့် တက္ကသိုလ်ကြီးဖြစ်ပါတယ်။ 𝐌𝐚𝐢𝐧 𝐂𝐚𝐦𝐩𝐮𝐬 ဖြစ်သော Songkhla 𝐂𝐚𝐦𝐩𝐮𝐬 ဟာ စောင်ခလာမြို့တွင်ရှိပြီး သင်တန်းများ၊ သုတေသနနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည်။ 𝐓𝐡𝐚𝐤𝐬𝐢𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ အဓိက 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 များမှ ဥပမာ - စီးပွားရေး၊ နည်းပညာ၊ လူမှုဝန်ထမ်း၊ သဘာဝသိပ္ပံ စတဲ့ဘာသာရပ်တွေကို 𝐇𝐚𝐭 𝐘𝐚𝐢 𝐂𝐚𝐦𝐩𝐮𝐬 မှာသင်ကြားပေးလျက်ရှိပါတယ်။ Phatthalung 𝐂𝐚𝐦𝐩𝐮𝐬 ကတော့ မဟာဘွဲ့အစီအစဉ်များကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကျောင်းသားကျောင်းသူ၊ များအတွက် လူမှုဝန်ထမ်း၊ စီးပွားရေး၊ သိပ္ပံနည်းပညာ စတဲ့ ဘာသာရပ်တွေကို အဓိကသင်ကြားပေးသော 𝐂𝐚𝐦𝐩𝐮𝐬 တစ်ခုဖြစ်ပါတယ်။ ထို့အပြင် TSU- MDC ဟာ စီမံခန့်ခွဲမှုဘွဲ့များကို အဓိကသင်ကြားလျက်ရှိပြီး Bangkok Campus လဲဖွင့်လှစ်ထားရှိပါတယ်။ သင်ကြားရေးစနစ်များကိုလည်း ထိုင်းနိုင်ငံရဲ့ သင်ရိုးညွှန်း၊ 𝐒𝐭𝐮𝐝𝐲 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 များနှင့်အတူ 𝐌𝐂𝐔 မှ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫များ ၏ 𝐋𝐞𝐜𝐭𝐮𝐫𝐞𝐫 များဖြင့်ပူးပေါင်းသင်ကြားပို့ချပေးသွားမှာဖြစ်တာကြောင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှာလာရောက်ကျောင်းအပ်နှံပြီး မိမိနှစ်သက်ရာ 𝐏𝐫𝐨𝐠𝐚𝐦𝐦𝐞များကို ရွေးချယ်တက်ရောက်နိုင်ပြီ ဖြစ်ပါကြောင်းသတင်းကောင်း ပါးအပ်ပါသည်။
ဒီနေ့မှာတော့ Myanmar Creative University ရဲ့ မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်ပြီး အရှေ့ဥရောပ နှင့် 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐀𝐬𝐢𝐚 ရှိတက္ကသိုလ်များအနက် 𝐑𝐚𝐧𝐤𝐢𝐧𝐠 #𝟗 မှာရှိတဲ့ 𝐓𝐨𝐦𝐬𝐤 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 – 𝐓𝐒𝐔 အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 𝐓𝐨𝐦𝐬𝐤 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 – 𝐓𝐒𝐔 ကတော့ ရုရှားနိုင်ငံ၊ တော်မတ်စ် (𝐓𝐨𝐦𝐬𝐤) မြို့တွင်ရှိသော အမျိုးသားသုတေသနတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်ကြီး ၃ ခု တွင် တစ်ခုအပါအဝင်ဖြစ်ပြီးတော့ ၁၈၇၈ မှာစတင်တည်ထောင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းရင့် တက္ကသိုလ်ကြီး လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ တက်ရောက်နေသော ကျောင်းသား/ကျောင်းသူ အရေအတွက် ၁၄,၀၀၀ ကျော်ရှိပြီး ၃၀% ကတော့ နိုင်ငံတကာ ကနေ လာရောက်သင်ယူနေကြတာပဲ ဖြစ်ပါတယ်။ 𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 များအပြင် ဘွဲ့လွန်၊ ပါရဂူဘွဲ့ များအထိ သင်ကြားနိုင်ပါတယ်။ 𝐐𝐒 𝐖𝐨𝐫𝐥𝐝 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 𝐑𝐚𝐧𝐤𝐢𝐧𝐠 အရ အရှေ့ဥရောပ နှင့် 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐀𝐬𝐢𝐚 ရှိတက္ကသိုလ်များ အနက် 𝐑𝐚𝐧𝐤𝐢𝐧𝐠 #𝟗 ရှိပြီး ဘာသာစကားသိပ္ပံဆိုင်ရာအထူးပြုဘာသာရပ် သင်ကြားတဲ့ တက္ကသိုလ်များမှာတော့ ကမ္ဘာ့အဆင့် #𝟏𝟎𝟎 အတွင်းရှိတာပဲ ဖြစ်ပါတယ်။ 𝐌𝐚𝐢𝐧 𝐂𝐚𝐦𝐩𝐮𝐬 နှင့် 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐂𝐚𝐦𝐩𝐮𝐬 နှစ်ခုရှိပြီး သင်ကြားပေးသော ဘာသာရပ်များအနေဖြင့် နည်းပညာ၊ သိပ္ပံနှင့် လူမှုရေးကဏ္ဍများ ပါဝင်ပြီး ရှရှားနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် ထိပ်တန်းတက္ကသိုလ် ၁၀ ခုအတွင်းရှိသော နာမည်ကျော်တက္ကသိုလ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ 𝐌𝐚𝐢𝐧 𝐂𝐚𝐦𝐩𝐮𝐬 (𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐂𝐚𝐦𝐩𝐮𝐬) ကတော့ တက္ကသိုလ်ရဲ့ အဓိကတည်နေရာ ဖြစ်ပြီးတော့ 𝐓𝐨𝐦𝐬𝐤 မြို့အနီး 𝐕𝐨𝐳𝐧𝐞𝐬𝐞𝐧𝐬𝐤𝐲 𝐇𝐢𝐥𝐥 (ဗိုဇနီစင်ကီတောင်) တွင် ရှိပါတယ်။ အဓိကသင်ကြားပေးတဲ့ ပညာရပ်တွေကတော့ 𝐏𝐡𝐲𝐬𝐢𝐜𝐬၊ 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠၊ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞၊ 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞၊ 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬၊ 𝐏𝐡𝐲𝐬𝐢𝐜𝐬၊ 𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲၊ 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ၊ 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞၊ 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 ၊ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞၊ 𝐀𝐫𝐭𝐬 𝐚𝐧𝐝 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐢𝐞𝐬 ဘာသာရပ်များကို သင်ကြားပေးသောဌာနများ ရှိပြီး 𝐌𝐚𝐢𝐧 𝐂𝐚𝐦𝐩𝐮𝐬 တွင်ပဲ စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ ဟောပြောပွဲခန်းမများ၊ ဘာသာရေးကျောင်းဆောင်များ နှင့် အလုပ်ရုံ များကို လမ်းကြောင်းဆွဲထားပြီး ခေတ်မှီအထောက်အပံ့များဖြင့် ကျောင်းသားများရဲ့ ပညာအရည်အသွေးကို အပြည့်အဝ မြှင့်တင်ပေးနိုင်သော သက်တမ်းရင့် တက္ကသိုလ်ကြီး တစ်ခုဖြစ်ပါတယ်။ 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐂𝐚𝐦𝐩𝐮𝐬 (𝐕𝐲𝐬𝐨𝐤𝐨𝐠𝐨𝐫𝐬𝐤𝐲 𝐂𝐚𝐦𝐩𝐮𝐬) ဟာတော့ 𝐕𝐲𝐬𝐨𝐤𝐨𝐠𝐨𝐫𝐲𝐞 အနီးတွင် တည်ရှိပြီး၊ သုတေသနနှင့်နည်းပညာဆိုင်ရာ 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐂𝐞𝐧𝐭𝐞𝐫𝐬 နှင့် 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐏𝐚𝐫𝐤 များ ရှိနေရာတစ်ခုဖြစ်ပါတယ်။ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 များအတွက် အရေးကြီးသော အခြေခံအုတ်မြစ်နေရာတစ်ခုဖြစ်ပြီး၊ ကမ္ဘာအနှံ့ သုတေသနကွန်ရက်များ၊ သိပ္ပံပညာရပ်ဆိုင်ရာ အကျိုးတူအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံ များကို ပူးပေါင်းဆောင်ရွက်သော နေရာတစ်ခုလည်းဖြစ်ပြီး 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞 နှင့် 𝐆𝐥𝐨𝐛𝐚𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩𝐬 တို့အား ဖြည့်စွက်၍ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းတက္ကသိုလ်ကြီး များနှင့် အတူ သိပ္ပံနှင့်နည်းပညာ တိုးတက်ရေး ဆောင်ရွက်နေသော 𝐂𝐚𝐦𝐩𝐮𝐬 တစ်ခုဖြစ်ပါတယ်။ 𝐓𝐨𝐦𝐬𝐤 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐓𝐒𝐔 မှာ 𝐇𝐢𝐠𝐡-𝐋𝐞𝐯𝐞𝐥 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 များကို အဓိကထားတဲ့ ပညာရေးနည်းစနစ်တွေသာ သင်ကြားထားပြီး 𝐆𝐥𝐨𝐛𝐚𝐥 𝐑𝐞𝐜𝐨𝐠𝐧𝐢𝐭𝐢𝐨𝐧 ရရှိထားတာကြောင့် ပြည်တွင်း၊ ပြည်ပကျောင်းသားများ ရွေးချယ်တက်မှုများသော တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ 𝐌𝐂𝐔 ရဲ့ ကျောင်းသူကျောင်းသားများကို 𝐎𝐧𝐥𝐢𝐧𝐞 မှ သင်ကြားပေးခြင်း၊ဘွဲ့နှင်းသဘင်တွင်တက်ရောက်ခြင်း၊ သုတေသနစာတမ်းများပူးပေါင်းဖတ်ကြားခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ဒီနေ့မှာတော့ ထိုင်းပညာရေးနယ်ပယ်မှာအရေးပါလှတဲ့ 𝐑𝐚𝐣𝐚𝐛𝐡𝐚𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွေအကြောင်းကို ပြောပြပေးမှာပဲဖြစ်ပါတယ်။ 𝐑𝐚𝐣𝐚𝐛𝐡𝐚𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 သည် ၁၉၄၈ ခုနစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ဘုရင့်တက္ကသိုလ်ကြီး တစ်ခုဖြစ်ပါတယ်။ ထိုင်းဘုရင်မင်းမြတ် ကိုယ်တော်တိုင် ဘွဲ့နှင်းသဘင်တက်ရောက် ချီးမြှင့်တော်မူသော တက္ကသိုလ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ 𝐑𝐚𝐣𝐚𝐛𝐡𝐚𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တစ်ခုချင်းစီမှာ နိုင်ငံတကာကျောင်းသားများစွာ တက်ရောက်နေကြပြီး စုစုပေါင်း ကျောင်းသား အရေအတွက် ၃၀,၀၀၀ ကျော် ခန့်ရှိပြီးတော့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 အရလည်း 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝'𝐬 𝐓𝐨𝐩 စာရင်းဝင်တက္ကသိုလ်များထဲတွင် ပါဝင်ထားပါတယ်။ စီးပွားရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်၊ 𝐒𝐨𝐜𝐢𝐚𝐥 𝐰𝐞𝐥𝐟𝐚𝐫𝐞 နှင့် သိပ္ပံနည်းပညာဘာသာရပ်တို့ကို အဓိကသင်ကြားပြီး 𝐂𝐚𝐦𝐩𝐮𝐬 ပေါင်း ၂၅ ခုထိ ရှိပါတယ်။ 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐑𝐚𝐣𝐚𝐛𝐡𝐚𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐂𝐌𝐑𝐔 ဟာ ချင်းမိုင်ရှိ တက္ကသိုလ်များတွင် 𝐓𝐨𝐩 #𝟑 ဖြစ်ပြီး ထိုင်းနိုင်ငံရှိတက္ကသိုလ်များတွင် 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 #𝟑𝟑 ရှိပြီး စီးပွားရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်၊ သဘာဝသိပ္ပံ နှင့် နည်းပညာ ဘာသာရပ် တို့အတွက် ကျော်ကြားတဲ့ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ စီးပွါးရေးပညာ၊ အထူးသဖြင့် 𝐌𝐁𝐀 ( 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠) နဲ့ 𝐅𝐚𝐜𝐮𝐥𝐭𝐲 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧, 𝐋𝐚𝐰 နဲ့𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 တို့ဟာ ကျော်ကြားပါတယ်၊ လက်ရှိတွင် 𝐌𝐂𝐔 မှကျောင်းသူကျောင်းသားများသည်လည်း 𝐋𝐚𝐦𝐩𝐚𝐧𝐠 𝐑𝐚𝐣𝐚𝐩𝐡𝐚𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွင် မဟာဘွဲ့နှင့် ဘွဲ့တန်းများကိုတက်ရောက်နေကြပါသည်။ 𝐋𝐏𝐑𝐔 ၏ အားသာချက်မှာ ပတ်ဝန်းကျင်တွင် ဆိတ်ငြိမ်အေးချမ်းခြင်း၊ ကျောင်းစရိတ်နှင့် အခြားနေထိုင်စားသောက်စရိတ်များ သက်သာခြင်းနှင့် ဆရာဆရာမများမှ ကျောင်းသူ ကျောင်းသားတစ်ဦးချင်းအပေါ် ဂရုစိုက်မှုကောင်းမွန်ခြင်းတို့ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံရဲ့ကောင်းမွန်တဲ့အနာဂတ်နဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပေးမယ်လို့ ကတိပြူလျက်... 𝐖𝐞 𝐏𝐫𝐨𝐦𝐢𝐬𝐞𝐬 𝐭𝐨 𝐜𝐫𝐞𝐚𝐭𝐞 𝐭𝐡𝐞 𝐞𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐟𝐮𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐨𝐟 𝐨𝐮𝐫 𝐜𝐨𝐮𝐧𝐭𝐫𝐲
ဒီနေ့မှာတော့ကျွန်တော်က ထိုင်းနိင်ငံမှာရှိတဲ့ မြန်မာကျောင်းသားတွေတက်ရောက်မှုအများဆုံး တက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ 𝐑𝐚𝐣𝐚 𝐌𝐚𝐧𝐠𝐚𝐥𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 အကြောင်းပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 𝐑𝐚𝐣𝐚 𝐌𝐚𝐧𝐠𝐚𝐥𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံးသော တက္ကသိုလ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ နည်းပညာ၊ စီးပွားရေး၊ အင်ဂျင်နီယာဘာသာရပ် စတဲ့ဘာသာရပ်တွေကို အဓိကထားသင်ကြားပေးပြီးတော့ 𝐂𝐚𝐦𝐩𝐮𝐬 ပေါင်း ၄၀ ကျော်ရှိတဲ့ နည်းပညာတက္ကသိုလ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ 𝐂𝐚𝐦𝐩𝐮𝐬 ၄၀ ကျော်အနက် 𝐑𝐚𝐣𝐚 𝐌𝐚𝐧𝐠𝐚𝐥𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐑𝐚𝐭𝐭𝐚𝐧𝐤𝐨𝐬𝐢𝐧 (𝐑𝐌𝐔𝐓𝐑) သည် 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 အနေဖြင့် မြင့်မားသော တက္ကသိုလ်တစ်ခုဖြစ်ပြီး ထိုင်းအမျိုးသားတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်အရ နည်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ အင်ဂျင်နီယာဘာသာရပ်၊ 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ဘာသာရပ်၊ ဗိသုကာ နှင့် ဒီဇိုင်းဘာသာရပ်များအတွက် ထိပ်တန်း အဆင့် ၁၀ အတွင်းရှိသောတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။ 𝐑𝐚𝐣𝐚𝐦𝐚𝐧𝐠𝐚𝐥𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐓𝐡𝐚𝐧𝐲𝐚𝐛𝐮𝐫𝐢 (𝐑𝐌𝐔𝐓𝐓) ဟာ 𝐐𝐒 𝐓𝐨𝐩 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 𝐑𝐚𝐧𝐤𝐢𝐧𝐠 အဆင့်သတ်မှတ်ချက်တွင် ထိုင်းနိုင်ငံအတွင်းရှိသော နည်းပညာတက္ကသိုလ်များအနက် 𝐑𝐚𝐧𝐤𝐢𝐧𝐠 #𝟒 ရရှိထားပြီး အာဆီယံနိုင်ငံများရှိနည်းပညာတက္ကသိုလ်များ၌ 𝐑𝐚𝐧𝐤𝐢𝐧𝐠 𝐓𝐨𝐩 #𝟐𝟓 အတွင်းရှိသော အစိုးရတက္ကသိုလ်ကြီးတစ်ခုဖြစ်သည့်အပြင် အင်ဂျင်နီယာဘာသာရပ်များ နှင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များအတွက် ကျောင်းသား၊ကျောင်းသူအများစု ရွေးချယ်ကြသည်။ 𝐑𝐚𝐣𝐚𝐦𝐚𝐧𝐠𝐚𝐥𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐋𝐚𝐧𝐧𝐚 (𝐑𝐌𝐔𝐓𝐋) ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်တွင်တည်ရှိပြီး ချင်းမိုင်တွင်ရှိသော တက္ကသိုလ်များတွင် 𝐓𝐨𝐩 𝟒 ဝင်သော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး 𝐈𝐓၊ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 နှင့် 𝐃𝐞𝐬𝐢𝐠𝐧 ဘာသာရပ်များအတွက် နာမည်ကျော်တဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ 𝐑𝐚𝐣𝐚𝐦𝐚𝐧𝐠𝐚𝐥𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐊𝐫𝐮𝐧𝐠𝐭𝐡𝐞𝐩 (𝐑𝐌𝐔𝐓𝐊) ဟာလည်း ထိုင်းနိုင်ငံ တွင်ရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး ထိုင်းငံအတွင်းရှိ တက္ကသိုလ်များတွင် 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 #𝟒𝟗 ထိချိတ်တဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ နည်းပညာဘာသာရပ်များ၊ အင်ဂျင်နီယာပညာရပ်များ၊ စီးပွားရေး နှင့် စီမံခန့်ခွဲမှုပညာများ နှင့် သုတေသနဆိုင်ရာပညာရပ်များအား သင်ကြားနိုင်ပြီး၊ သင်ကြားမှုတစ်ခုတည်းမဟုတ်ပဲ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကောင်းမွန်သော အခွင့်အလမ်းများကို ပေးဆောင်တဲ့တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ သင်ကြားရေးစနစ်များကိုလည်း ထိုင်းနိုင်ငံရဲ့ သင်ရိုးညွှန်း၊ 𝐒𝐭𝐮𝐝𝐲 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 များနှင့်အတူ 𝐌𝐂𝐔 မှ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 များ၏ 𝐋𝐞𝐜𝐭𝐮𝐫𝐞𝐫 များဖြင့်ပူးပေါင်းသင်ကြားပို့ချပေးသွားမှာဖြစ်တာကြောင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာလာရောက်ကျောင်းအပ်နှံပြီး မိမိနှစ်သက်ရာ 𝐏𝐫𝐨𝐠𝐚𝐦𝐦𝐞 များကို ရွေးချယ်တက်ရောက်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ကျွန်တော်တို့နိုင်ငံရဲ့ကောင်းမွန်တဲ့အနာဂတ်နဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပေးမယ်လို့ ကတိပြူလျက်... 𝐖𝐞 𝐏𝐫𝐨𝐦𝐢𝐬𝐞𝐬 𝐭𝐨 𝐜𝐫𝐞𝐚𝐭𝐞 𝐭𝐡𝐞 𝐞𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐟𝐮𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐨𝐟 𝐨𝐮𝐫 𝐜𝐨𝐮𝐧𝐭𝐫𝐲
MOU Signed Between RMUTL & MCU-MCC Myanmar Creative University (MCU), Myanmar Creative College (MCC) တို့မှ Honor Council Member, Asso: Prof : Dr Somkiat, President Prof: Dr Saw Htay Myint, Academic Advisor Asso: Prof: Dr Nat, MCC Director Mr Phyo Wai Han တို့သည် (၈-၁၀-၂၀၂၄) နေ့ နေ့လယ် ၂ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna, RMUTL သို့သွားရောက်ကာ RMUTL President, Assoc: Prof: Dr. Uthen Kamari နှင့်အတူ Vice President, Assistant President, Dean of Engineering ရင်းနှီးစွာ မိတ်ဆက်တွေ့ဆုံကြလျက် ပူးပေါင်းဆောင်ရွက်ရန်MOU လက်မှတ်ရေးထိုးခဲ့ကြပါသည်။
Myanmar Creative University (MCU), Myanmar Creative College (MCC) တို့မှ Honor Council Member, Asso: Prof : Dr Somkiat, President Prof: Dr Saw Htay Myint, Academic Advisor Asso: Prof: Dr Nat, MCC Director Mr Phyo Wai Han တို့သည် (၈-၁၀-၂၀၂၄) နေ့ နံနက်၁၀ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chaing Mai Rajabhat University၊ CMRUသို့သွားရောက်လည်ပတ်ကာ CMRU President, Assoc: Prof: Dr Chatree Maneekosol နှင့်အတူ ဘာသာရပ်မဟာဌာနမှူးများ နှင့်ရင်းနှီးစွာ မိတ်ဆက်တွေ့ဆုံကြလျက် Online Bachelor Degree for International Business Management အတန်းဖွင့်လှစ်နိုင်ရေးနှင့် MCU + CMRU တို့ 2+ 2 အတန်းများဖွင့်လှစ်နိုင်ရန် ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရတက္ကသိုလ်ကြီးတစ်ခုဖြစ်သော Rajamangala University of Technology Krungthep, RMUTK နှင့် Myanmar Creative University, MCU တို့သည် (၃၀-၈-၂၀၂၄) နေ့တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် (MOU) ကို ဘန်ကောက်မြို့ ၊ RMUTK တွင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ MOU လက်မှတ်ရေးထိုးပွဲတွင် (၁) MCU, MCC မှ ၂ နှစ် ဒီပလိုမာရရှိသော ကျောင်းသူကျောင်းသားများအနေဖြင့် RMUTK တွင် ၂ နှစ်ထပ်မံတက်ရောက်ကာ ဘွဲ့ယူရန် (၂) MCU, MCC မှ (၃) နှစ်အသုံးချဒီပလိုမာရရှိသူများအနေဖြင့် နောက်ဆုံးနှစ်ကို RMUTK တွင် တက်ရောက်ကာဘွဲ့ယူရန် (၃) MCU မှ ဘွဲ့ရကျောင်းသူကျောင်းသားများ ဘန်ကောက် RMUTK တွင် မဟာဘွဲ့၊ ပါရဂူဘွဲ့များဆက်လက်တက်ရောက်ရန် (၄) ပညာသင်ဆုပေးအပ်ရန်နှင့် (၅) တက္ကသိုလ်နှစ်ခုအတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ MOU ရေးထိုးပွဲကို အိမ်ရှင် RMUTK မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လက်ထောက်ဥက္ကဌတို့ တက်ရောက်လက်မှတ်လက်မှတ်ရေးထိုးကာ MCU ၏ ဥက္ကဌ နှင့် MCC Director တို့တက်ရောက်လက်မှတ်ရေးထိုးပါသည်။ သက်သေများအဖြစ် ထိုင်းနိုင်ငံ TSU နှင့် LRU တို့၏ အငြိမ်းစားဥက္ကဌ Prof. Dr. Somkiat နှင့် ထင်ရှားသောစီးပွါးရေးပါမောက္ခ ရေးထိုးခဲ့ပြီးDr Nat တို့တက်ရောက်ခဲ့ကြပါသည်။
Lampang Rajaphat University, Thailand သို့ Master of Management Program တက်ရောက်ရန်ရောက်ရှိနေကြသော Myanmar Creative University (MCU) မှ ကျောင်းသူကျောင်းသားများအား MCU ဥက္ကဌ မှ Master of Management Program Director နှင့် ဆရာ၊ဆရာမများထံသို့အပ်နှံလျက် စာသင်ခန်း၊ သုတေသနဆွေးနွေးခန်းများသို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။ (၅-၇-၂၀၂၄)
Myanmar Creative University (MCU) မှ ထိုင်းနိုင်ငံ Lampang Rajaphat University သို့ရောက်ရှိနေကြသော ကျောင်းသူကျောင်းသား(၁၇) ဦးအား သက်ဆိုင်ရာဌာန Faculty of Management Science ၏ မဟာဌာနမှူးနှင့် ပါမောက္ခ၊ဆရာဆရာမများထံသို့ MCU ၏ ဥက္ကဌကိုယ်တိုင် သွားရောက်အပ်နှံလျက် သင်ကြားရေး၊နေထိုင်ရေး အစီအစဉ်များအား ခင်မင်ရင်းနှီးစွာတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ (၅-၇-၂၀၂၄)
Myanmar Creative University, MCU တွင် 4 + 2 Credit Bank System ဖြင့် Bachelor of Mechanical Engineering + Master of Management Program ကိုတက်ရောက်လျက်ရှိသောကျောင်းသူကျောင်းသား(၂၃) ဦးအနက်မှ (၁၇) ဦးသည် Master of Management နှင့် Continuous Engineering Practice Program များကို ထိုင်းနိုင်ငံရှိ MCU ၏ မိတ်ဖက်တက္ကသိုလ်အသီးသီးတွင်ဆက်လက်တက်ရောက်ရန်ထိုင်းနိုင်ငံသို့ MCU တာဝန်ရှိသူများနှင့်အတူချင်းမိုင်လေဆိပ်တွင်ရောက်ရှိရာ Master of Management program တက်ရောက်ရမည့် Lampang Rajaphat University မှ နိုင်ငံတကာရေးရာအကြီးအကဲနှင့်လက်ထောက်ဥက္ကဌမှလာရောက်ကြိုဆိုခဲ့ပြီး LPRU သို့အဆင်ပြေချောမွေ့စွာရောက်ရှိကြပါသည်။ (၄-၇-၂၀၂၄)